ဒီစာကို ကျွန်တော်ရေးတုန်းက 2023 တုန်းကပါ။ အဲ့တုန်းက ရေးထားပြီး မ share ဖြစ်တာလေး အခုမှ ပြန်တင်ဖြစ်တာပါ။

Mac မှာ ပုံတွေ edit လုပ်ရင် trackpad သုံးရတာ အဆင်မပြေသလို ခံစားရတယ်။ သုံးနေကျ မဟုတ်တာလည်း ပါတာပေါ့။ အဲ့မှာ mouse ဝယ်မယ်ဆိုပြီး စဉ်းစားထားတာ ကြာပြီ။ ပိုက်ဆံအဆင်မပြေသေးတော့ မဝယ်ဖြစ်ဘူး။ မဝယ်ဖြစ်သေးပေမယ့် ဘယ် mouse သုံးရမလဲ ဟိုကြည့်ဒီကြည့်ပေါ့။ အဲ့မှာ ကိုယ်တိုင်ကြုံခဲ့ရတဲ့အချို့ အတွေ့အကြုံတွေအရ ဘယ် feature တွေပါရမယ်ဆိုပြီး limit ဖြစ်နေတာတွေရှိတယ်။ 

  1. သယ်ရတာ သုံးရတာ ပေါ့ရမယ် : Mouse ရဲ့ အလေးချိန်ကို နည်းနည်း weight ပါနေရင် မကြိုက်ဘူး။ သယ်ရတာ လေးတယ်လို့ ခံစားရတယ်။ Game လည်းမဆော့ဖြစ်တော့ ပေါ့ပေါ့ပါးပါးသုံးလို့ရရင် အဆင်ပြေတာပဲ။
  2. ရည်ရှည်အသုံးခံရမယ် : ဝယ်ပြီး ခဏလေးနဲ့ပျက်တာမျိုးကို မကြိုက်ဘူး။ ခဏခဏ ပျက်လို့ ဝယ်နေမယ့် အစား တစ်ခုတည်းကို ဈေးပိုပေးပြီး အကြာကြီးသုံးမယ်ပဲ စိတ်ကူးထားတယ်။ 
  3. I hate RGB : အရင်ကတော့ RGB မှ လှတယ်ထင်တာ။ နောက်တော့ အလင်းရောင်နည်းတဲ့အချိန်မှာ RGB အရောင်က မျက်လုံးစူးတယ် အမြင်ကို အနှောက်အယှက်ဖြစ်တယ်လို့ ခံစားရတယ်။ နဂို အာရုံကြောအားနည်းတဲ့ ပြဿနာကြောင့်လည်းပါမယ်ထင်တယ်။
  4. Wired ကော Wireless ကော ရရမယ် : USB A ထက် အခုနောက်ပိုင်း laptop တွေက USB C port တွေပါလာတယ်။ ဒီတော့ Macbook ကော Window PC, Laptop တွေမှာပါ သုံးလို့ရတဲ့ဟာမျိုးကိုပဲ ပိုပြီး သဘောကျတယ်။ Type C adapter တွေ ဘာတွေ ထပ်ဝယ်စရာမလိုပဲ တစ်ခါတည်း ပါတာမျိုးဆို ပိုအဆင်ပြေတာပေါ့။ ပြီးတော့ နေရာအခက်အခဲကြောင့် ကြိုးရှုပ်ရှုပ် မသုံးချင်ရင်လည်း တစ်ခါတည်း wireless mode ပါ သုံးလို့ရမယ့်ဟာပဲ လိုချင်တယ်။ 
  5. Lag တာမကြိုက်ဘူး : wired mouse တွေမှာတော့ ဖြစ်လေ့မရှိပေမယ့် wireless mouse တွေ အထူးသဖြင့် bluetooth mouse တွေမှာဆို lag တာတွေဖြစ်တတ်တယ်။ ဒီတော့ latency နည်းနည်းနဲ့ ကောင်းကောင်းသုံးလို့ရမှဖြစ်မယ်။ DPI ကောင်းကောင်း ရှိဖို့လည်း လိုတာပေါ့။ 
  6. Battery life : wireless mode မှာဆို battery က ရည်ရှည်ခံမှဖြစ်မယ်လေ။ အနည်းဆုံး 24hr+ သုံးနိုင်မှ အဆင်ပြေမယ်။ 

အဲ့လို ဂဂျီဂဂျောင် တွေအပြင် အရေးကြီးတာ တစ်ခုရှိသေးတယ်။ ဈေးသက်သာဖို့ ။ လက်ရှိ ကိုယ်လိုချင်တဲ့ပုံစံအများစုက gaming mouse ကိုမှ နည်းနည်းဈေးတန်းမြင့်တဲ့ အထဲက ရနိုင်မယ်။ Mi mouse လေးလည်း ရှိပေမယ့် wireless only ဖြစ်နေတာရယ် design ကို သဘောမကျတာရယ်ကြောင့် မရွေးဖြစ်ဘူး။ ဒါနဲ့ ရှာရင် keychron m3 mouse ကို သွားတွေ့ တယ်။ 

Mouse တန်ဖိုးကြည့်တော့ $49 တဲ့။ အမှန်အတိုင်းပြောရရင် အရင်ခေတ် USD rate နဲ့ဆို ပြဿနာမရှိပေမယ့် အခု 4000 နားကပ်နေချိန်မှာ mouse တစ်ခုကို ၂ သိန်းနီးပါး ပေးဝယ်ဖို့ ကိုယ့် lvl နဲ့ဆို တော်တော်အလှမ်းဝေးနေတာ။ ဒီလိုနဲ့ပဲ ဝယ်ချင်တယ်ဆိုပြီး စိတ်ထဲ တေးထားရင်း အကြောင်းတစ်ခုကြောင့် ဝယ်ဖြစ်သွားတယ်ပေါ့။ ( အခု ဒီစာပြန်တင်တဲ့အချိန်မှာတော့ 1$ ကို 5500 ကျော်နေပါပြီ။ ပြီးတော့ Keychron M3 mouse တွေကို မြန်မာဘက်ကို မသွင်းတော့ဘူးလို့ သိရပါတယ် )

Keychron M3 ကို ပထမဆုံး သဘောကျတာ design ပဲ။ Office mouse တွေလိုလည်း အရမ်း simple ဖြစ်မနေသလို gaming mouse တွေလိုလည်း မဟုတ်ဘူး။ အရောင်ကတော့ အနက်နဲ့ အဖြူမှာ ကိုယ့်အကြိုက်ဆုံးဖြစ်တဲ့ အနက်ရောင်ပဲ ရွေးဖြစ်တယ်။ အဖြူကတော့ အနက်ထက်ပိုအလှတယ်။ RGB light ဖွင့်ထားရင် တော်တော်လှတာ အဖြူနဲ့။ မိန်းကလေး အကြိုက်ပဲ။ 

M3 mouse မှာက wireless ကို 2.4GHz ကော၊ bluetooth 5.1 နဲ့ကော ရတယ်။ Connection အတွက် type A, C adapter တွေ တစ်ခါတည်းပါတယ်။ Wired mode ဆိုရင် type C to type C ရမယ်၊ Type C to Type A ရတယ်ဆိုတော့ ကိုယ့်အတွက် အဆင်ပြေတာပဲ။ OS support အနေနဲ့ကတော့ window နဲ့ mac ရတယ်။ DPI က 26000 ထိရတယ်။ ပြီးတော့ polling rate က 1000 Hz ဆိုတော့ သွက်သွက်လက်လက် သုံးလို့ရတဲ့ အထဲပါတယ်။ ဒါပေမယ့် bluetooth mode မှာဆို polling rate က 125 Hz ပဲရတော့တယ်။  ဒါပေမယ့် normal user တွေ သုံးလို့အဆင်ပြေတဲ့ အခြေအနေမျိုးတော့ ဖြစ်နေသေးတယ်။ ကျွန်တော်ကတော့ မကြိုက်ဘူး။ သဘောကျတာက light effect ကို 7 မျိုးချိန်လို့ရတယ်။ အလင်းပိတ် ထားမလား။ ဒါမှမဟုတ် RGB ထားမလား။ အနီတစ်မျိုးပဲ ထားမလား အစရှိသဖြင့်ပေါ့။ ပြီးတော့ TKE ( The Keychron Engine ) install ထားရင် Lightning speed, color, brightness တွေကို adjust လုပ်လို့ရတယ်။

အားအပြည့် သွင်းထားရင် 70 Hr battery life လို့ပြောထားပေမယ့် မသုံးကြည့်ဖူး သေးဘူး အဲ့လောက်ထိ။ အလေးချိန်ကလည်း 79g ပဲရှိတယ်။ ဥပမာနဲ့ပြောရရင် Xcite ခေါက်ဆွဲတစ်ထုပ်က 70g လေးတယ်။ Yum Yum မျက်လုံးခေါက်ဆွဲတစ်ထုပ်က 67g လေးတယ်။ Mouse ရဲ့ အလေးချိန်က 79g ဆိုတော့ ပေါ့တယ်လို့ ပြောလို့ရတယ်။ 

အဆင်မပြေတာကတော့ DPI ချိန်ဖို့က mouse ရဲ့ အောက်ခြေမှာ ဖြစ်နေတယ်။ Mouse ကို ပက်လှက်လှန်နေရသေးတယ် DPI ပြောင်းဖို့အတွက်။ ပြီးတော့ battery life နည်းတယ်  ။ ဈေးကတော့ မြန်မာငွေနဲ့ တွက်ရင် ကိုယ့်အခြေအနေအရ နည်းနည်း များတယ်လို့တော့ ထင်ရတယ်။ 

လောလောဆယ်တော့ သုံးလို့အဆင်ပြေတယ် ပြောရမှာပဲ။ Wireless ကော wired mode ကော ပေါ့ပေါ့ပါးပါးနဲ့ အေးဆေးသုံးလို့ရတယ်။ RGB ကတော့ ကျွန်တော့်အတွက် မလိုတော့ ပိတ်ထားလိုက်တယ်။ အခုတော့ အဆင်ပြေနေပါသေးတယ်။

Product Link : https://www.keychron.com/products/keychron-m3-wireless-mouse