Laptop screen က အနီးကပ်ကြည့်ရတာ အဆင်မပြေတာရယ်၊ ပြီးခဲ့တဲ့လက ဖြစ်သွားတဲ့ အရွတ်ယောင်တာရယ်ကြောင့် keyboard တစ်လုံးက မဖြစ်မနေလိုလာတဲ့အချိန် ဒီ keyboard ကို ရွေးဖြစ်သွားတာပါပဲ။

ထုတ်တဲ့ Company က Hong Kong based company တစ်ခုဖြစ်တဲ့ Tarantula lab ကနေ AULA ဆိုတဲ့ နာမည်နဲ့ ထုတ်ထားတာ။ သူ့ Official website ဖြစ်တဲ့ https://aulagear.com/ မှာတော့ အကုန်ကြည့်လို့ရတယ်။ လိုရင်းဖြစ်တဲ့ AULA F87pro အကြောင်းပဲ ဆက်လိုက်ရအောင်။

AULA F87 Pro

ပထမဆုံးရွေးဖြစ်တဲ့အကြောင်းအရင်းက Keyboard size နဲ့ Layout ကြောင့်။ 87 TKL keyboard ဖြစ်တဲ့အတွက် number pad မပါဘူး။ Number key တွေကိုတော့ QWER ရဲ့အပေါ်မှာ ထည့်ပေးထားပြီး Function key တွေလည်း သပ်သပ်ပါတယ်။ ကျွန်တော် လက်ရှိသုံးနေတဲ့ MSI Modern 16 laptop နဲ့ဆို အလျား ကွက်တိလောက်သွားကျတဲ့အတွက် သုံးရတာ laptop နဲ့ သီးသန့်ဖြစ်နေတယ်လို့မခံစားရဘူး။ Number key ကို ဘေးမှာနှိပ်တာအကျင့်ဖြစ်နေတဲ့အတွက်တော့ အစောပိုင်း နည်းနည်းတိုင်ပတ်ပေမယ့် အဆင်ပြေပါတယ်။ ဒီ keyboard သုံးပြီးတဲ့နောက်ပိုင်း 80% layout ကို တော်တော်သဘောကျသွားတာ။ အများအားဖြင့်တော့ Tenkeyless / TKL / 80% layout လို့ခေါ်တဲ့ ဒီ keyboard တွေမှာက key အရေအတွက် 88 ခုလောက်ထိပါတတ်တယ်။ အခုဟာကတော့ 87 ခုပေါ့။ ကျွန်တော့်အတွက်ကတော့ လောလောဆယ် သုံးရတာ အရမ်းအဆင်ပြေတဲ့ layout ပဲ။

ဒါကတော့ ကျွန်တော်လက်ရှိသုံးနေတဲ့ Aula F87Pro ပါ

နောက်တစ်ခုပြောရရင် hot swapping support လုပ်တာ။ Mechanical keyboard တွေရဲ့ အသက်သွေးကြောတွေထဲက တစ်ခုဖြစ်တဲ့ switch တွေအပြောင်းအလဲ လုပ်လို့ရတာပါ။ အချို့ mechanical keyboard တွေမှာက hot swap မရတာတွေရှိပါတယ်။ Blue switch သုံးထားတာကနေ red switch ( Linear switch ) ပြောင်းသုံးမရတာမျိုးတွေ ရှိပါတယ်။ အခု Aula F87pro မှာကတော့ အဲ့ကိစ္စအဆင်ပြေပါတယ်။ Switch တွေ လဲလို့ရတယ်ဆိုပေမယ့် အသံဆူတာ သိပ်အဆင်မပြေသေးတာကြောင့် Linear switch (LEOBOG Greywood V4 Linear Switch) နဲ့ဟာကိုပဲ ယူလိုက်ပါတယ်။ အသံကတော့ လုံးဝ Creamy ဖြစ်တယ်။ Tactile switch တွေလို အသံမကျယ်ပဲ အထိုက်အလျောက်အသံထွက်ပြီး အသံလေးက creamy ဖြစ်တဲ့အသံလေး အိစက်စက်လေး။

Build quality နဲ့ design ကတော့ ထွေထွေထူးထူးပြောစရာ မလိုပါဘူး။ ပုံတွေသာ တစ်ချက်ကြည့်ကြည့်ပါ။

ပေးရတဲ့ ဈေးနဲ့ တန်တယ်လို့ပြောလို့ရတဲ့ keyboard ပါပဲ။ ကိုယ်က 100% keyboard တွေလည်းမကြိုက်ဘူး။ 60% Compact တွေလည်း မကြိုက်ဘူး။ ပြီးတော့ ဈေးလည်းအရမ်းမသုံးပဲ mechanical keyboard ကောင်းကောင်းလေးလိုချင်ရင်တော့ AULA F87 Pro က ထည့်စဉ်းစားသင့်တဲ့ keyboard စာရင်းထဲ ပါပါတယ်။

အားနည်းချက်ကတော့ mechanical keyboard တွေရဲ့ ထုံးစံအတိုင်းပါပဲ။ ရေစိုမခံတာရယ်၊ အမှိုက်ဝင်လွယ်တာပါပဲ။ AULA F87 Pro မှာက သူ့ design ကြောင့် သန့်ရှင်းရေးလုပ်ရတာ ပိုခက်ပါတယ်။ လက်ရှိလည်း ကျွန်တော်က ပေပေတေတေသုံးတော့ keyboard အတွင်းပိုင်းမှာ အမှိုက်စလေးတွေ တော်တော်ဝင်နေပါတယ်။ သန့်ရှင်းရေးပြန်လုပ်ရပါအုန်းမယ်ဗျာ။

Product Link : https://aulagear.com/products/aula-f87-pro?variant=39917557547104