အခက်အခဲတွေနဲ့ အဆင်မပြေမှုတွေကြားမှာ အချိန်အတိုင်းအတာတစ်ခုအထိ အားနည်းစွာ ရှင်သန်ပြီးတဲ့နောက်တော့ ပြန်ရုန်းထလာနိုင်တဲ့အနေနဲ့ blog လေးတစ်ခု စလုပ်ဖြစ်ပါတယ်။

Programming နဲ့ပတ်သက်တာတော့ အတွေ့အကြုံလေးတွေပြန်ရေးတာလောက်ပဲရှိပြီး စိတ်ထဲပေါ်လာတွေရေးတာ၊ အစားအသောက်ချက်တာ၊ အချို့ review တွေနဲ့ အတွေ့အကြုံတွေ ပြန် share တာလောက်ပဲ ရေးဖြစ်ပါမယ်။

Blog နာမည်ကိုတော့ စိတ်ထဲပေါ်လာတဲ့အတိုင်း အချဉ်ပေါင်း လို့ပဲ ပေးလိုက်တယ်။ ဘာအဓိပ္ပါယ်မှတော့ ထွေထွေထူးထူး မရှိပါဘူး။ ( အရမ်း စားချင်နေလို့ပါ)

Tech stack အနေနဲ့ကတော့ Ghost နဲ့ setup လုပ်ထားပြီး theme ကတော့ ရိုးရိုးရှင်းရှင်းဖြစ်တဲ့ Wave ပဲသုံးထားပါတယ်။

ဝါသနာအရ စာရေးဖို့လုပ်ထားတဲ့ သာမန် blog လေးပါပဲ။

( အရင်တုန်းကရေးခဲ့တဲ့ blog post တွေကတော့ backup file က hard drive ပျက်သွားတဲ့အတွက် ပြန်မရတော့ပါဘူး။ Quality အကောင်းကြီးတော့မဟုတ်ပေမယ့် အဆိပ်သင့်ခြင်း နဲ့ mobile operator တွေမှာ သုံးတဲ့ header enrichment အကြောင်း article လေးတွေတော့ တော်တော်နှမျောပါတယ်။ ဒီတစ်ခါတော့ backup file ကို Github မှာ သိမ်းဖို့ စိတ်ကူးထားတယ် )